Thursday, January 3, 2013

မင်းအောင်လှိုင်က အထက်ကလား သိန်းစိန်က အောက်ကလား၊ ဒါမှမဟုတ် နှစ်ယောက် အတူတူ ပူးရက်ဘဲလားဆိုတာပါ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လုပ်ပိုင်ခွင့် အတိအကျကို တိုင်းသူပြည်သားများအားလုံး ရှင်းရှင်းလင်းလင်း သိရန် လိုအပ်နေပါတယ်။ ထို့ အတူ လွှတ်တော်ဥက္ကဋ္ဌများ၊ သမ္မတ ဒုတိယသမ္မတများနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့  ဖွဲ့  စည်းဆက်စပ်မှုပြ Structure ပုံစံကို သိသိသာသာ မြင်သာစေရန် ရေးဆွဲဖေါ်ပြရန်လည်း လိုအပ်ပါတယ်။

၂၀၀၈ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့  လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ပိုင်ခွင့်တွေကို အနည်းအကျဉ်းမျှသာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ ဖွဲ့ စည်းတည်ဆောက်ပုံအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့  တပ်မတော်ဟာ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် တည်ရှိရမည်ဖြစ်တဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်၏ လက်အောက်ခံ ဖြစ်ရပါမယ်။ ဒီနေရာမှာ လူချင်းရော ရာထူးချင်းပါ ဇောက်ထိုးပြောင်းပြန်ဖြစ်နေပါတယ်။

တစ်ဖန် ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ဟာ သမ္မတ သိန်းစိန်၊ ဒုတိယသမ္မတ စိုင်းမောက်ခမ်းနှင့် ဥာဏ်ထွန်းတို့ ရဲ့  လက်အောက်သြဇာခံ ဖြစ်ရပါမယ်။

ဒီနေရာမှာ မင်းအောင်လှိုင်ရယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရာထူး Commander-in-Chief of the Defence Services နဲ့  ပတ်သက်ပြီး ပြောချင်ပါတယ်။ အာဏာရူးကြီး သန်းရွှေဟာ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီးရာထူး၊ ဗိုလ်ချူပ်မှူးကြီးရာထူးနဲ့  တပ်မတော်ကာကွယ်ရေးဦးစီးချူပ် Commander-in-Chief of the Defence Services ရာထူးတွေကို အားလုံးတပြိုင်နက်ထဲ တစ်ဦးတည်း ရယူထားခဲ့ပါတယ်။ ဒီတော့ ယခု မင်းအောင်လှိုင်အနေနဲ့  ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီးရဲ့  လက်အောက်သြဇာခံရသူလား၊ ဒီလိုမဟုတ်ဘဲ မင်းအောင်လှိုင်ဟာ သန်းရွှေလို ဒီရာထူးကို ယူထားပြီး သမ္မတဖြစ်သူ သိန်းစိန်နဲ့  အပြိုင် သြဇာအာဏာသက်ရောက်သူ ဖြစ်နေသလားဆိုတာပါ။

ကမ္ဘာ့နိုင်ငံတွေမှာ Commander-in-chief ရာထူးနဲ့  Chief of the Defence Services သတ်မှတ်ချက်တွေ ကွာခြားတာတွေ့ ရပါတယ်။ Commander-in-chief ရာထူးကို နိုင်ငံတစ်နိုင်ငံရဲ့  အကြီးအကဲက ရယူပိုင်ခွင့် ရှိပါတယ်။ အမေရိကန်နိုင်ငံရယ် ရ၀န်ဒါနိုင်ငံရယ်မှာ သမ္မတတွေက Commander-in-Chief ရာထူးကို ယူထားကြပါတယ်။ Commander-in-Chief ရာထူးယူထားသူလက်အောက်မှာ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီးတွေ စစ်တပ်ရဲ့  အကြီးအကဲဖြစ်ကြတဲ့ စစ်ဦးစီးချူပ်တွေက သြဇာခံအဖြစ် ရှိနေရပါတယ်။ Commander-in-Chief ရာထူးယူထားသူဟာ စစ်တပ်တင်သာမက နိုင်ငံတစ်နိုင်ငံရဲ့  လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးရဲ့  အကြီးအကဲဖြစ်တာမို့  Commander-in-Chief ရဲ့  အမိန့် ကို လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးက လိုက်နာရပါတယ်။

Chief of the Defence Services ရာထူးကတော့ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီးရဲ့  လက်အောက်ခံသာဖြစ်ပြီး စစ်တပ်မှာသာ စစ်ဦးစီးချူပ်တွေ ဖြစ်ပါတယ်။ စစ်တပ်ရဲ့  အကြီးအကဲသာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီးရဲ့  အမိန့် ကို နာခံရသူဖြစ်ပါတယ်။ Chief of the Defence Services ဟာ စစ်တပ်ကိုသာ အုပ်ချူပ်ရတဲ့ အကြီးအကဲဖြစ်ပါတယ်။ အခြားသော လက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်ကြတဲ့ ရဲတပ်ဖွဲ့ တို့  အမျိုးသားလုံခြုံရေးတပ်ဖွဲ့  တို့ ကို အမိန့် သြဇာသက်ရောက်ခွင့် မရှိပါဖူး။

Commander-In-Chief ဟာ နိုင်ငံတစ်နိုင်ငံ လုံခြုံရေးပိုင်းဆိုင်ရာအတွက် နိုင်ငံကိုယ်စားပြု စစ်ကြေညာပိုင်ခွင့်ရှိသော လုပ်ပိုင်ခွင့်ကို ရရှိသူဖြစ်ပါတယ်။ Chief of Defense Services ဟာ နိုင်ငံတစ်နိုင်ငံ လုံခြုံရေးပိုင်းဆိုင်ရာအတွက် နိုင်ငံကိုယ်စားပြု စစ်ကြေညာပိုင်ခွင့် မရှိပါဖူး။

ထို့ အပြင် ယခု မြန်မာနိုင်ငံရဲ့  ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ Civilian control of the military လို့  ခေါ်တဲ့ တပ်မတော်ကို အရပ်ဘက်ဆိုင်ရာထိန်းသိမ်းမှု နည်းလမ်းဥပဒေပြဌာန်းချက်တွေ ပါရှိဖို့ ဝေးစွ၊ တပ်မတော်ရဲ့  အခန်းကဏ္ဍကို လွန်လွန်ကျူးကျူး အခွင့်အာဏာပေးထားပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့  လုပ်ပိုင်ခွင့်အာဏာတွေကို တိုင်းပြည်အချူပ်အခြာအာဏာကို ထိပါးစေနိုင်တဲ့အဆင့်ထိ ပေးအပ်ထားရုံမက၊ ပြည်သူ့ လွှတ်တော်တွေထဲမှာ တပ်မတော်သားအရာရှိတွေကို ၂၅% နေရာပေးထားတာတွေက Civilian control of the military လို့  ခေါ်တဲ့ တပ်မတော်ကို အရပ်ဘက်ဆိုင်ရာထိန်းသိမ်းမှု မရှိတာကို သိသာစေပါတယ်။

မြန်မာနိုင်ငံ သမ္မတ သိန်းစိန်အနေနဲ့  Commander-in-Chief ရာထူးရယူပိုင်ခွင့်နဲ့  လုပ်ပိုင်ခွင့်မရှိဘဲ အရေးပေါ်ကာလအခြေအနေပေါ်ပေါက်ရင် Commander-in-Chief of the Defence Services ရာထူးယူထားတဲ့ မင်းအောင်လှိုင်ကို တိုင်းပြည်အာဏာကို လွဲပြောင်းပေးရမယ့် အနေအထား၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီးတာဝန်ယူထားသူဟာ တပ်မတော်မှ အငြိမ်းစားယူရန် (သို့ ) နှုတ်ထွက်ရန်မလိုဟု ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပေးထားတဲ့ အနေအထား၊ လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီးဟာ အရပ်ဘက်ကမဟုတ်ဘဲ တပ်မတော်ရာထူးဖြစ်တဲ့ ဒုတိယဗိုလ်ချူပ်ကြီးရာထူးရယူထားဆဲ အနေအထားတွေဟာ Civilian control of the military လို့  ခေါ်တဲ့ တပ်မတော်ကို အရပ်ဘက်ဆိုင်ရာထိန်းသိမ်းနိုင်မှု လုံးဝမရှိတာကို သက်သေပြနေပါတယ်။

Civilian control of the military လို့  ခေါ်တဲ့ တပ်မတော်ကို အရပ်ဘက်ဆိုင်ရာထိန်းသိမ်းမှု နည်းလမ်းဥပဒေပြဌာန်းချက်တွေ မရှိရင် အဆိုပါ နိုင်ငံတစ်နိုင်ငံရဲ့  အုပ်ချူပ်မှုစနစ်ဟာ ခိုင်မာတဲ့ အရပ်သားပြည်သူ့ အစိုးရ အုပ်ချူပ်နေတယ်လို့  သတ်မှတ်လို့  မရသလို၊ အဆိုပါ တိုင်းပြည်ဟာလည်း ငြိမ်းချမ်းတည်ငြိမ်မှုကို အခိုင်အမာ မတည်ဆောက်နိုင်တဲ့ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကို အပြည့်အ၀အာမခံ မပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဘာကြောင်လည်းဆိုတော့ အချိန်မရွေး လက်နက်ကိုင်အင်အားစုဖြစ်တဲ့ စစ်တပ်ကနေ ပြည်သူ့ အချူပ်အခြာအာဏာကို သိမ်းပိုက်ရယူနိုင်လို့  ဖြစ်ပါတယ်။ အရပ်သားအစိုးရပါလို့  ပြောနေတဲ့ သမ္မတဆိုသူတွေလည်း တကယ်တမ်းမှာ စစ်တပ်လက်အောက်ခံ ရုပ်သေးအစိုးရသာ ဖြစ်နေမှာပါ။

ယခုဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လွှတ်တော်၊ သမ္မတ၊ ဒုတိယသမ္မတ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီးတို့ ထက် ကျော်လွန်ပြီး မိမိသဘောနဲ့ မိမိ ပြည်တွင်းစစ်ကို လေယာဉ်နဲ့  တိုက်ခိုက်တဲ့အထိ ထင်ရာစိုင်း လုပ်ပိုင်ခွင့်အပြည့် ရှိနေတာပါဘဲ။ ဒီလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့  လုပ်ရပ်ကို မည်သည့်လွှတ်တော် သမ္မတများ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီးများက အမိန့်  ဥပဒေနဲ့  တားဆီးနိုင်မှာလည်းဆိုတာ လက်တွေ့ ကျကျ မေးမြန်းရပါပြီ။

ယနေ့  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့  လုပ်ရပ်ဟာ တစ်တိုင်းပြည်လုံးနဲ့  ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူအပေါင်းတို့ ရဲ့  ဘ၀အသက် လုံခြုံမှုကို ထိခိုက်နေပြီး တိုင်းပြည်ရဲ့  အချူပ်အခြာအာဏာကို ထိပါးအန္တရာယ်ပြုနေပါပြီ။

Commander-in-Chief of the Defence Services ဆိုတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  မြန်မာနိုင်ငံတော် သမ္မတပါလို့  ခံယူထားတဲ့ သိန်းစိန် ဘယ်သူက ရာထူးအာဏာနဲ့  လုပ်ပိုင်ခွင့် ပိုမိုမြင့်မားတယ်၊ သမ္မတ သိန်းစိန်ရဲ့  သြဇာအမိန့် ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နာခံရမှာလား၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှတ်တော် ဆုံးဖြတ်ချက် သမ္မတ စေခိုင်းချက် အစရှိတဲ့ ဘယ်သူ့ အမိန့် မှ နာခံစရာမလိုဘဲ ပြည်တွင်းစစ်တွေဆင်နွဲလိုက် ရဟန်းရှင်လူ ပြည်သူတွေကို သတ်ဖြတ်ပြလိုက်နဲ့  ထင်ရာစိုင်း လုပ်ဆောင်နေလို့  ရလားဆိုတာ မေးမြန်းလိုက်ရပါတယ်။

တိတိကျကျ မေးရရင် မင်းအောင်လှိုင်က အထက်ကလား သိန်းစိန်က အောက်ကလား၊ ဒါမှမဟုတ် နှစ်ယောက် အတူတူ ပူးရက်ဘဲလားဆိုတာပါ။


No comments: