Thursday, April 19, 2012

NLD-BG - အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာသင်ကြားပေးရေး၏ လှုပ်ရှားမှု။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD_BG လူငယ်များဦးစီး၍ သင်္ကြန်-အလှပြဖျော်ဖြေးရေးယာဉ်သည် ဖိတ်ကြားထားသောနေရာများသို့ သွားရောက် ဖျော်ဖြေခဲ့ပါသည်။



အကြိုနေ့ -ပုဇွန်တောင်မြို့နယ်သို့ လှည့်လည်ဖျော်ဖြေစဉ် ( ဓာတ်ပုံ ၁)။

အကျနေ့- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်ဖျော်ဖြေဂါရ၀ပြုစဉ် ( ဓာတ်ပုံ ၂+၃)။

တက္ကသိုလ်ရိပ်သားလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ အမေဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ပထမအကြိမ်သွားရောက်ဖျော်ဖြေဂါရဝပြုစဉ်။

ပုဇွန်တောင်မြို့နယ်တွင်းသို့သွားရောက်ဖျော်ဖြေရာတွင် ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆိုကြစဉ်( ဓာတ်ပုံ ၂၆)။

ပထမ အကြတ်နေ့- နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် သွားရောက်ဖျော်ဖြေစဉ်( ဓာတ်ပုံ ၅ မှ ၁၄ ထိ)။

နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ပြည်သူ့အချစ်တော် ကိုကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်၊ အန်တီဒေါ်သန်းမြင့်အောင်တို့မှ NLD-BG အလှပြ ဖျော်ဖြေရေးယာဉ်အား ပျော်ပျော်ရွှင်ရွှင် အားပေးနေကြစဉ်( ဓာတ်ပုံ ၆)။

နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ပြည်သူ့အချစ်တော် ကိုကျော်သူနှင့်ဇနီး၊
အသင်းသူ အသင်းသားများမှ သောင်းသောင်းဖျဖျ ကြိုဆိုကြစဉ်( ဓာတ်ပုံ ၉)။

မြောက်ဥက္ကလာပ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် ဂဂ-မျိုးဆက်ကျောင်းသားများရုံးရှေ့တွင် သွားရောက်ဖျော်ဖြေစဉ် ( ဓာတ်ပုံ ၁၅)။

တက္ကသိုလ်ရိပ်သားလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
အမေဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဒုတိယအကြိမ်သွားရောက်ဖျော်ဖြေဂါရဝပြုစဉ်( ဓာတ်ပုံ ၁၆ မှ ၁၉ ထိ)။

ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းအတွင်းမှ အလှပြဖျော်ဖြေရေးယာဉ်အား
ပြည်သူများပျော်ပျော်ရွှင်ရွှင် ကြိုဆိုကြပုံ ( ဓာတ်ပုံ ၂၆)။

NLD_BG အလှပြဖျော်ဖြေရေးယာဉ်အား သာကေတမြို့နယ်ပြည်သူများမှ သောင်းသောင်းဖျဖျ ပျော်ရွှင်စွာ ကြိုဆိုနေကြပုံ( ဓာတ်ပုံ ၂၉ မှ ၃၂)။

မေတ္တာဖြင့်ကူညီပေးသော တေးရေးဆရာ ကိုသားဖေထင် ( NLD-BG) ။ Music Arrangement ကိုဝင်းကျော် (G.T.X) နှင့် နာကူ ဥက္ကဋ္ဌ ဦးကျော်သူတို့တွေ့ဆုံကြစဉ်( ဓာတ်ပုံ ၄၀)။

ခွပ်ဒေါင်းတွေခွပ်ပြီးသွားပြီ၊ ကတဲ့အချိန်ရောက်ပြီ၊ အမြဲတမ်းကနိုင်ကြပါစေဟု
နာကူ ဥက္ကဋ္ဌ ၊ဦးကျော်သူမှ နှုတ်ခွန်းဆက်စကားပြောကြားစဉ်။

ဗိုလ်ချုပ်လမ်းပေါ်ရှိကမ္ဘာသစ်မဏ္ဍပ်ပေါ်တွင် NLD-BG အလှပြဖျော်ဖြေရေးယာဉ်မှ ခွပ်ဒေါင်းသင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေနေစဉ် ဂဂ-ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊မမီးမီးတို့ဦးဆောင်သောကျောင်းသားများလည်း လာရောက်အားပေးကြသည်။
ကိုမင်းကိုနိုင်မှ လာရောက်အားပေးကြသော ပြည်သူလူထုအား သင်္ကြန်နှင့်ပတ်သက်သော အကြောင်းအရာတစ်ခုကို အောက်ပါအတိုင်းပြောကြားသွားခဲ့ပါသည်။

သံကြပ်မပါတဲ့ သင်္ကြန်ဟာ အင်္ဂါမစုံတဲ့လူနဲ့တူတယ်။ အင်္ဂါမစုံရင် ဘယ်လိုမှ ကြည့်မကောင်းဘူး။ သံကြပ်ဟာ ပြည်သူတွေရဲ့အသံကို ပြောပေးတဲ့အတွက်ကြောင့် ဘယ်စီစစ်ရေးကိုမှ တင်စရာမလိုဘူး။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။

NLD-BG ၏ ရည်ရွယ်ချက်များ။

NLD-၏လုပ်ငန်းစဉ် (င) ဖြစ်သော လူထုအကျိုးပြုလူမှုလုပ်ငန်းများကို ဒီချုပ်လူငယ်များစုစည်း၍ အကောင်အထည်ဖေါ်၍ဆောင်ရွက်နေပါသည်။

၎င်းတို့မှာ - (၁) ကွန်ပျူတာအခြေခံသင်တန်းများ၊
(၂) နိုင်ငံခြားဘာသာစကားသင်တန်းများ၊
(၃) သူငယ်တန်းမှ လေးတန်းအထိ ဘာသာစုံ အပတ်စဉ်သင်ကြားခြင်း။ (ကျူရှင် အခမဲ့သင်ကြားပေးခြင်း)၊
(၄) ပဉ္စမတန်းမှ ဒသမတန်းအထိ Grammar သင်တန်းများ၊
(၅) စက်ချုပ်သင်တန်းများ၊
(၆) ဆံပင်ညှပ်သင်တန်း၊
(၇) သံဂဟေဆော်သင်တန်း၊
(၈) အမှိုက်ကောက်ကလေးလူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးရေး၊

-- ( စက်ချုပ်သင်တန်း ) အပတ်စဉ် (၃)နှင့် ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၁) တို့ကို ၉-၄-၂၀၁၂ တွင် ဒီချုပ်နာယက ဘဘဦးတင်ဦးကိုယ်တိုင် ကြီးကြပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။


မှတ်ချက် BG- သည် အဖွဲ့မဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောက်တွင် တည်ရှိနေသော ကွန်ယက်များထဲမှ NLD လုပ်ငန်းစဉ် (င) အား ဦးစားပေးဖေါ်ဆောင်နေသော ကွန်ယက်ငယ်တစ်ခုဖြစ်ပါသည်။

သင်တန်းကျောင်းတည်နေရာ= (၈၃၉) မြရည်နန္ဒာလမ်း၊ ၁၉ - ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်။ ကျန်းမာရေးမှတ်တိုင်။ ရန်ကုန်တိုင်းဒေသကြီး။

ဆက်သွယ်ရန်ဖုံးနံပါတ် = ၀၉-၇၃၁ ၂၅၈၈၅၊ ၀၁၀၅၅၅၀၂၀၂၊

တာဝန်ခံ ဒါရိုက်တာ ကိုညီညီ= ၀၉-၄၉၃၂၈၀၅၅၊

နှစ်သစ်တွင် ပြည်သူအများ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံနိုင်ကြပြီး အမေဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံကာ ဒီမိုကရေစီ ပန်းတိုင်သို့ တက်ညီ လက်ညီ ချီတက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်း အပ်ပါသည်။

NLD-BG - အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာသင်ကြားပေးရေးပညာဒါနကျောင်းမှ ကျောင်းသား ကျောင်းသူ ဆရာ၊ဆရာမများမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မေမေ့သား- လင်းဆက် (NLD-BG )။

No comments: