Friday, April 6, 2012

မြန်မာပြည်မြေပေါ်မှာ ရေကာတာတွေ လာဆောက်၊ အကျိုးအမြတ်တွေ ခံစား၊ မြန်မာပြည်သူပြည်သားတွေမှာတော့ …

မြန်မာပြည်မြေပေါ်မှာ ရေကာတာ လာဆောက်၊ ရတဲ့ ရေအားလျှပ်စစ်တွေအတွက် အောင်ပွဲခံနေတဲ့ တရုတ်စီမံကိန်းအရာရှိကလည်း တပြုံးပြုံး။













































မြန်မာပြည်ရဲ့  အုပ်ချူပ်သူတွေလည်း ရေကာတာစီမံကိန်းက တရုတ်အရာရှိတွေနဲ့  တရုံးရုံးပါ။































တရုတ်တွေရဲ့  ဆည်တွေ တည်ဆောက်တဲ့ ဆောင်ပုဒ်ကတော့ “ပြည်တွင်းဒေသ စီးပွားရေးအတွက် ဆည် တည်ဆောက်၊ ပြည်သူတွေ အကျိုးစီးပွားအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်” ဆိုတဲ့ ဆောင်ပုဒ်ပါ။

ဒီဆောင်ပုဒ်ကတော့ တရုတ်ပြည်အတွက်တောင် မမှန်ပါဖူး၊ ယန်ဇီမြစ်ကြီးပေါ်မှာ ဆည်တွေ တည်ဆောက်ခဲ့ကြလို့  တရုတ်ပြည်သူပြည်သားတွေအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုတွေ၊ သဘာဝပါတ်ဝန်းကျင်တွေ ပျက်ဆီးကုန်လို့  ဘေးအန္တရာယ်တွေ ကြုံကြရတာမို့  ဆောက်ပြီးသားဆည်တွေကို ပြန်ပြီး ဖြိုချပစ်ခဲ့ရတာတွေ ရှိပါတယ်။

မြန်မာပြည်အတွက်နဲ့  မြန်မာပြည်သူအတွက်တော့ အကျိုးရှိဖို့ နေနေသာ ပျက်ဆီးဆုံးရှုံမှုတွေဟာ ရေကာတာစီမံကိန်းတွေ စတင်ကတည်းက ရင်ဆိုင်နေကြရပါပြီ။ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းပြီးစီးခဲ့ရင် အကျိုးအမြတ် ၉၀% ကျော်ဟာ တရုတ်ပြည်အတွက်ဖြစ်မယ့်အပြင် တရုတ်ဘဏ်တွေကနေ ချီးထားတဲ့ အကြွေးတွေကိုလည်း ပြန်ပေးဆပ်ရဦးမှာမို့  မြန်မာပြည်အတွက် ဘာများကျန်မှာလည်း။ မြန်မာပြည်သူပြည်သားတွေ အထူးသဖြင့် မြစ်ဆုံဒေသနဲ့  ဧရာဝတီမြစ်ကြီးတစ်လျှောက် မှီတင်းနေထိုင်ကြကုန်တဲ့ တိုင်းရင်းသားပြည်သူအပေါင်းကတော့ သောက်စရာ ရေတောင် ရှားပါးတော့မှာမို့  ရေငတ်တဲ့ ဒဏ်ခံကြရဦးမှာ။

မြန်မာပြည်သူပြည်သားတွေမှာတော့ အမှောင်တဲမှာ ဘ၀အတွက် ရုန်းနေရတဲပါ။





























နောက်ဆိုရင် ဧရာဝတီမြစ်ကြီးလည်း ဒီလိုသာ ဖြစ်တော့ရင်တော့ အသက်ရှင်သန်ခွင့် နည်းအုန်းမှာပါ။




















ကျွန်တော်တို့  မြန်မာပြည်မြေပေါ်က နိုင်ငံနဲ့  လူမျိုးကို အကျိုးမပေး၊ တိုင်းတစ်ပါးသားတွေကိုသာ အကျိုးပြုအောင်လုပ်နေတဲ့ ရေကာတာစီမံကိန်းတွေကို ဆန့် ကျင်ကြပါစို့ ။

No comments: